သေရမည်မှာ ဓမ္မတာ
- ပြိုကွဲတတ်ငြား၊ ထိုတရား၊ ထင်ရှားပြိုကွဲမည်။
- ပျက်စီးတတ်ငြား၊ ထိုတရား၊ ထင်ရှားပျက်စီးမည်။
- ငါ့ဆွေမျိုးသာ၊ ပျက်စီးရာ၊ မှန်စွာမဟုတ်ပြီ။
သူ့အမျိုး ကိုယ့်အမျိုး၊ ပျက်စီးရိုး၊ သေမျိုး ထုံးစံညီ။
- တစ်ရွာတည်းသာ၊ ပျက်စီးရာ၊ မှန်စွာ မဟုတ်ပြီ။
ရွာဟူသမျှ၊ ပျက်စီးကြ၊ သေရ ထုံးစံညီ။
မြို့ဟူသမျှ၊ ပျက်စီးကြ၊ သေရ ထုံးစံညီ။
- စကြ၀ဠာ၊ ဘုံသုံးရွာ၊ သေရာမလွတ်ပြီ။
- တရားသဘော၊ ကြံတွေးတော၊ မှန်သော သံဝေရည်။
No comments:
Post a Comment