Friday, May 10, 2013

ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။

ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့၊ ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလည်း၊တစ်ဖုံဆင်ကွဲ၊ သူ တစ်နည်း(နဲ)ဖြင့်၊ ဖောက်လွဲတတ်စွာ၊ ဓမ္မတာကို၊ ပညာစက္ခု ၊ မျှော်ထောက် ရှု၍ _
      ယခုပင်လျှင်၊ မအိုခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
      ယခုပင်လျှင်၊ မနာခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
      ယခုပင်လျှင်၊ မသေခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
      ရတုချိန်ထောက်၊ ဤခါရောက်မှ၊ ချုပ်ပျောက်ခန္ဓာ၊ သေပိမ့် ငါဟု၊  သတ္တ၀ါ ခပင်း၊  ရှင်သေမင်းနှင့်၊  မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်၊ တစ်စက်ကမှ ၊ မရှိ ကြဘူး။ အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ။ ဘုရားစကား၊ လိုက်နာပွားသည်၊ တရားလက်မလွတ်ကြစေနှင့်။
(တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်)

No comments:

Post a Comment