Friday, May 10, 2013
ဆင်ခြင်ပွားများရန်
- အသက်မမြဲ၊ သေခြင်းမြဲ၊ ငါလည်း ဧကန် သေရမည်။
ငါ့အသက်မှာ၊ သေခြင်းသာ၊ မှန်စွာနောက်ဆုံး ရှိချေသည်။
ဇီဝိန်မကင်း၊ သက်ရှည်ခြင်း၊ သေတွင်း၌သာ ဆုံးလိမ့်မည်။
သက်ရှင်ခြင်းဟာ၊ မမြဲပါ၊ မြဲတာ သေခြင်း ဖြစ်ပေသည်။
သေခြင်းတရား၊ မရောက်ငြားသည့်၊ အများသတ္တ၀ါ ၊မရှိပါ၊ နီးလာသေဖို့ရက်။
မသွားဘဲသာ၊ နီး၍လာ၊ မှန်စွာသုသာန်ဘက်။
သွားပါသော်လည်း၊ ဝေးနေမြဲ၊ ချွတ်လွဲနိဗ္ဗာန်တွက်။
ခန္ဓာရသမျှ၊ သေဆုံးရ၊ မုချဧကန်ပျက်။
- မအိုရလို၊ ကိုယ်ကဆိုလည်း၊ မရဘဲ ၊ မလွဲအိုကြရ။
မနာရလို၊ ငါကဆိုလည်း၊ မရဘဲ ၊ မလွဲနာကြရ။
မသေရလို၊ ငါကဆိုလည်း၊ မရဘဲ ၊ မလွဲသေကြရ။
- နှစ်ဝနာမ်ရုပ်၊ ဤကိုယ်ပုပ်ကား၊ ဖြစ်ချုပ်ကြိမ်ဖန်၊ ဖောက်ပြန် ဖောက်လွဲ၊ တည်မမြဲ၊
ငါလည်း သေမည်ပ။
- ရုပ်နာမ်အစု၊ ငါးခုခန္ဓာ၊ သေမျိုးသာ၊ သူငါအားလုံး သေကြရ။
အတိတ်ကလည်း၊ ချုပ်ပျောက်စဲ၊ မလွဲသေခဲ့ရ။
ခုခါ၌လည်း၊ ချုပ်ပျောက်စဲ၊ အမြဲသေနေကြ။
နောင်ခါ၌လည်း၊ မခိုင်မြဲ၊ မလွဲသေမည်ပ။
သူများတွေလည်း ၊ သေမျိုးပဲ ၊ မလွဲသေမည်ပ။
တို့တတွေလည်း ၊ သေမျိုးပဲ ၊ မလွဲသေမည်ပ။
မသေမီတွင်၊ အထုတ်ပြင်၊ ကြိုတင်ကြိုးစားမှ။
အားကိုးစရာ၊ ပြည့်စုံပါ၊ သေခါစိတ်အေးရ။
ဒါနသီလာ၊ ဘာဝနာ ၊ မှန်စွာအားကိုးကြ။
(တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment