- အိုမျိုးပါမှု၊ အပြစ်ရှု၊ အိုမှုကင်းကြောင်း ရှာမှီးသည်။
- နာမျိုးပါမှု၊ အပြစ်ရှု၊ နာမှုကင်းကြောင်း ရှာမှီးသည်။
- သေမျိုးပါမှု၊ အပြစ်ရှု၊ သေမှုကင်းကြောင်း ရှာမှီးသည်။
- ပူမျိုးပါမှု၊ အပြစ်ရှု၊ ပူမှုကင်းကြောင်း ရှာမှီးသည်။
Friday, May 10, 2013
သက်သာရာ သက်သာကြောင်း
* တရားနဲ့သာ နေထိုင်ပါ၊ နေတာသက်သာမည်။
* မအိုခင်မှာ၊ တရားရှာ၊ အိုတာသက်သာမည်။
* မနာခင်မှာ၊ တရားရှာ၊ နာတာသက်သာမည်။
* မသေခင်မှာ၊ တရားရှာ၊ သေတာသက်သာမည်။ (ထူးကြီးဆရာတော်)
* မအိုခင်မှာ၊ တရားရှာ၊ အိုတာသက်သာမည်။
* မနာခင်မှာ၊ တရားရှာ၊ နာတာသက်သာမည်။
* မသေခင်မှာ၊ တရားရှာ၊ သေတာသက်သာမည်။ (ထူးကြီးဆရာတော်)
ရက်ရွှေ့မနေပါနှင့်
စစ်သည်များပြား၊ သေမင်းအား၊ ချိန်းထားလက်ဆောင် မရှိပါ။
တွန်းလှန်နိုင်ကြောင်း၊ ဗိုလ်ပါပေါင်း၊ စုဆောင်းထားခြင်း မရှိပါ။
ဒါ့ကြောင့် တို့မှာ၊ နက်ဖြန်ခါ၊ ရှင်မှာ ဧကန်မသိပါ။
ဒါ့ကြောင့် နောက်နေ့၊ ရက်မရွှေ့၊ ယနေ့ပင်လျှင် အားထုတ်ပါ။ (စည်)
(ယခုပင်လျှင် အားထုတ်ပါ။)
လက်ဆောင်တံစိုး ထိုး၍မရ
- သေမင်းကိုကွဲ့၊ မိတ်ဆွေဟဲ့၊ ဖွဲ့၍မရချေ။
- မသေလိုပြန်၊ လာဘ်ထိုးခံ၊ အမှန် မရချေ။
- မရဏဆိုး၊ သေမင်းမျိုး၊ စစ်ထိုး မရချေ။
- သေမင်းကိုမူ၊ ပြိုင်သည့်လူ၊ နိုင်သူ မရှိချေ။
- သေမင်းထံမှောက်၊ လူတိုင်းရောက်၊ သက်ပျောက် ဇီဝိန်ကြွေ။
မဂ္ဂင်ကိုသာ ပွားများပါ
- အိုဘေး, နာဘေး, သေဘေးရင်ဆိုင်၊
သမီးနှင့်သား, ကုစားမနိုင်၊
အမိအဘ, ရှိကြလက်မှိုင်၊
မဂ္ဂင်ပွား, တရားသူကနိုင်။ (သီ)
မိဘလည်းပဲ မကယ်နိုင်
- အိုဘေးဒုက္ခ၊ တွေ့ကြုံရ၊ မိဘ မကယ်နိုင်။
- နာဘေးဒုက္ခ၊ တွေ့ကြုံရ၊ မိဘ မကယ်နိုင်။
- သေဘေးဒုက္ခ၊ တွေ့ကြုံရ၊ မိဘ မကယ်နိုင်။
- အိုနာသေရ၊ ဘေးသုံးဝ၊ မိဘ မကယ်နိုင်။
နေ့မြင်ညပျောက်
- နံနက်ခင်းက ပက်ပင်းမြင်သူ၊ ညနေခင်းကျ သေမင်းခေါ်ယူ၊
နေ့မြင်ညပျောက် တစ်ယောက်မဟူ၊ ငါတို့လည်း မလွဲသေမည့်သူ။
အားလုံး သေကြရမည်
- ကြီးငယ်နှစ်ပါး၊ ထိုလူများ၊ မမှားသေရမည်။
- ဗာလပဏ္ဍိတ၊ ထိုနှစ်ဝ၊ မုချသေရမည်။
- ဆင်းရဲ ချမ်းသာ၊ ထိုနှစ်ဖြာ၊ မှန်စွာ သေရမည်။
- သေမင်းထံမှောက်၊ လူတိုင်းရောက်၊ ချုပ်ပျောက်သေရမည်။
သေရမည်မှာ ဓမ္မတာ
- ပြိုကွဲတတ်ငြား၊ ထိုတရား၊ ထင်ရှားပြိုကွဲမည်။
- ပျက်စီးတတ်ငြား၊ ထိုတရား၊ ထင်ရှားပျက်စီးမည်။
- ငါ့ဆွေမျိုးသာ၊ ပျက်စီးရာ၊ မှန်စွာမဟုတ်ပြီ။
သူ့အမျိုး ကိုယ့်အမျိုး၊ ပျက်စီးရိုး၊ သေမျိုး ထုံးစံညီ။
- တစ်ရွာတည်းသာ၊ ပျက်စီးရာ၊ မှန်စွာ မဟုတ်ပြီ။
ရွာဟူသမျှ၊ ပျက်စီးကြ၊ သေရ ထုံးစံညီ။
မြို့ဟူသမျှ၊ ပျက်စီးကြ၊ သေရ ထုံးစံညီ။
- စကြ၀ဠာ၊ ဘုံသုံးရွာ၊ သေရာမလွတ်ပြီ။
- တရားသဘော၊ ကြံတွေးတော၊ မှန်သော သံဝေရည်။
အဆုံးသတ်
- ပျိုခြင်း မှန်သမျှ အိုခြင်းမှာ ဆုံး၏။
- မာခြင်း မှန်သမျှ နာခြင်းမှာ ဆုံး၏။
- အသက်ရှင်ခြင်းမှန်သမျှ သေခြင်းမှာ ဆုံး၏။
- ပြည့်စုံခြင်းမှန်သမျှ ပျက်စီးခြင်းမှာ ဆုံး၏။
မသေလိုလျှင်
- အမေက ငါ့ကို သေဖို့ မွေးထားသည်။ မသေလိုလျှင် သုသာန်သွား၊
မရဏဿတိ နာနာပွား။ (ညောင်လေးပင်တောရ ဆရာတော်)
- အမေက ငါ့ကို သေဖို့ မွေးထားသည်။ မသေလိုလျှင် ကျောင်းတော်သွား၊
ဝိပဿနာ မပြတ်ပွား။ (ပညာဒီပ)
မရဏဿတိ နာနာပွား။ (ညောင်လေးပင်တောရ ဆရာတော်)
- အမေက ငါ့ကို သေဖို့ မွေးထားသည်။ မသေလိုလျှင် ကျောင်းတော်သွား၊
ဝိပဿနာ မပြတ်ပွား။ (ပညာဒီပ)
အနိစ္စသာ ဤခန္ဓာ
- အိုသူက မွေး၊ အိုသွေး ပါလာ၊ အိုမှာ မလွဲ၊ အိုမြဲ ခန္ဓာ။
နာသူက မွေး၊ နာသွေး ပါလာ၊ နာမှာ မလွဲ၊ နာမြဲ ခန္ဓာ။
သေသူက မွေး၊ သေသွေး ပါလာ၊ သေမှာမလွဲ၊သေမြဲခန္ဓာ။
အကြောင်းမမြဲ၊ အကျိုးလည်း၊ မမြဲတာဟာ ဓမ္မတာ။
ဖြစ်လျှင် ပျက်ရ၊ သဘာဝ၊ အနိစ္စပါ ဤခန္ဓာ။
နာသူက မွေး၊ နာသွေး ပါလာ၊ နာမှာ မလွဲ၊ နာမြဲ ခန္ဓာ။
သေသူက မွေး၊ သေသွေး ပါလာ၊ သေမှာမလွဲ၊သေမြဲခန္ဓာ။
အကြောင်းမမြဲ၊ အကျိုးလည်း၊ မမြဲတာဟာ ဓမ္မတာ။
ဖြစ်လျှင် ပျက်ရ၊ သဘာဝ၊ အနိစ္စပါ ဤခန္ဓာ။
မသိ အ၀ိဇ္ဇာ၊ ခင် တဏှာကြောင့် ...
မသိ အ၀ိဇ္ဇာ၊ ခင် တဏှာကြောင့်၊ လောကဓမ္မတာ၊ ဤလူ့ရွာကား၊ အိုရာမှ နာ၊ နာရာမှ သေ၊ မြေသုသာန်မှာ၊ နေရာမလပ်၊ သေရွာတွေ ထပ်ခဲ့ပြီ။
ဘုရားသော်မှ ရှောင်မရ၊ တို့က ဘာမို့လဲ?
- ပျိုတယ်ဆိုတာ အိုဖို့ပါ၊ မာတာ နာဖို့ပဲ။
မာတယ် ဆိုတာ နာဖို့ပါ၊ ရှင်တာ သေဖို့ပဲ။
ဘုရားသော်မှ ရှောင်မရ၊ တို့က ဘာမို့လဲ။
မာတယ် ဆိုတာ နာဖို့ပါ၊ ရှင်တာ သေဖို့ပဲ။
ဘုရားသော်မှ ရှောင်မရ၊ တို့က ဘာမို့လဲ။
ဆင်ခြင်ပွားများရန်(၂)
- ပျိုရာမှ အို၊ အိုရာမှ နာ၊ နာရာမှ သေ၊ အခြေမလှ၊ သေကြရ၊ ၀ဋ်ကပေးသည့် ဒဏ်ပါတကား။
- ခန္ဓာငါးရပ်၊ သူသတ်ငါးတန်၊ လက်ခံခဲ့ချေ၊ တို့တတွေကား၊ မအိုချင်ပါ၊ မနာ ချင်လို၊
မသေချင်ကြ၊ မနေရ၊ အိုရ နာရ သေရမည်။
- အသက်, ရောဂါ၊ ချိန်, နေရာနှင့်၊ လားရာဂတိ၊ ငါးဖြာရှိ၊ မသိတို့သူငါ။
- ဘယ်သက်ရွယ်မှာ၊ ဘယ်ရောဂါနှင့်၊ ဘယ်ခါကာလ၊ ဘယ်ဒေသရှိ၊ ဘယ် ဂတိ၌၊
သေရမည့်တာ၊ တို့သူငါ၊ မှန်စွာမသိပါတကား။
- သူသူငါငါ၊သတ္တ၀ါကား၊ခေတ္တနား၊ ခရီးသွားတွေပါတကား။
မျက်မြင် ဒိဋ္ဌကမ္မဋ္ဌာန်း
- သစ်သီးမှန်သမျှ ကြွေကျတာချည်းပဲ။
- သတ္တ၀ါမှန်သမျှ သေကြတာချည်းပဲ။
- ရေအိုးမှန်သမျှ ကွဲကြတာချည်းပဲ။
- သတ္တ၀ါမှန်သမျှ ရှင်ကွဲ သေကွဲ ကွဲကြတာချည်းပဲ။
- ရှင်-သေ, ဖြစ်-ပျက်၊ ရ-ကုန်, ဆုံ-ကွဲ၊ မျက်မြင်ဒိဋ္ဌကမ္မဋ္ဌာန်းပဲ။
( ကြို့ပင်ကောက်မြို့ ဗောဓိရိပ်သာ မဟာစည်ဆရာတော်)
ကြိုတင်ကောင်းမှု၊ ဖြစ်ပျက်ရှုလော့။
ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့၊ ကိုယ်ကဤပုံ၊
ဖြစ်လိုတုံလည်း၊တစ်ဖုံဆင်ကွဲ၊ သူ တစ်နည်း(နဲ)ဖြင့်၊ ဖောက်လွဲတတ်စွာ၊
ဓမ္မတာကို၊ ပညာစက္ခု ၊ မျှော်ထောက် ရှု၍ _
ယခုပင်လျှင်၊ မအိုခင်က၊ ကြိုတင်ကောင်းမှု၊ ဖြစ်ပျက်ရှုလော့။
ယခုပင်လျှင်၊ မနာခင်က၊ ကြိုတင်ကောင်းမှု၊ ဖြစ်ပျက်ရှုလော့။
ယခုပင်လျှင်၊ မသေခင်က၊ ကြိုတင်ကောင်းမှု၊ ဖြစ်ပျက်ရှုလော့။
ရတုချိန်ထောက်၊ ဤခါရောက်မှ၊ ချုပ်ပျောက်ခန္ဓာ၊ သေပိမ့် ငါဟု၊ သတ္တ၀ါ ခပင်း၊ ရှင်သေမင်းနှင့်၊ မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်၊ တစ်စက်ကမှ ၊ မရှိ ကြဘူး။ အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ။ ဘုရားစကား၊ လိုက်နာပွားသည်၊ တရားလက်မလွတ်ကြစေနှင့်။
(ဆင့်ပွားမူသစ်)

ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့၊ ကိုယ်ကဤပုံ၊
ဖြစ်လိုတုံလည်း၊တစ်ဖုံဆင်ကွဲ၊ သူ တစ်နည်း(နဲ)ဖြင့်၊ ဖောက်လွဲတတ်စွာ၊
ဓမ္မတာကို၊ ပညာစက္ခု ၊ မျှော်ထောက် ရှု၍ _
ယခုပင်လျှင်၊ မအိုခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ယခုပင်လျှင်၊ မနာခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ယခုပင်လျှင်၊ မသေခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ရတုချိန်ထောက်၊ ဤခါရောက်မှ၊ ချုပ်ပျောက်ခန္ဓာ၊ သေပိမ့် ငါဟု၊ သတ္တ၀ါ ခပင်း၊ ရှင်သေမင်းနှင့်၊ မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်၊ တစ်စက်ကမှ ၊ မရှိ ကြဘူး။ အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ။ ဘုရားစကား၊ လိုက်နာပွားသည်၊ တရားလက်မလွတ်ကြစေနှင့်။
(တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်)

မကွာနေ့ည ၊ ဉာဏ်သက်ဝင်၍၊ ဆင်ခြင်ကြ။
- အို-နာ-သေ-ကွဲ၊ ကံပဲဥစ္စာ ၊ ဤငါးဖြာ ၊ မကွာနေ့ည ၊ ဉာဏ်သက်ဝင်၍၊ ဆင်ခြင်ကြ။
(ကျောက်ကုန်းတောရ မေဓိနီဆရာတော်)
(ကျောက်ကုန်းတောရ မေဓိနီဆရာတော်)
ဆင်ခြင်ပွားများရန်
- အသက်မမြဲ၊ သေခြင်းမြဲ၊ ငါလည်း ဧကန် သေရမည်။
ငါ့အသက်မှာ၊ သေခြင်းသာ၊ မှန်စွာနောက်ဆုံး ရှိချေသည်။
ဇီဝိန်မကင်း၊ သက်ရှည်ခြင်း၊ သေတွင်း၌သာ ဆုံးလိမ့်မည်။
သက်ရှင်ခြင်းဟာ၊ မမြဲပါ၊ မြဲတာ သေခြင်း ဖြစ်ပေသည်။
သေခြင်းတရား၊ မရောက်ငြားသည့်၊ အများသတ္တ၀ါ ၊မရှိပါ၊ နီးလာသေဖို့ရက်။
မသွားဘဲသာ၊ နီး၍လာ၊ မှန်စွာသုသာန်ဘက်။
သွားပါသော်လည်း၊ ဝေးနေမြဲ၊ ချွတ်လွဲနိဗ္ဗာန်တွက်။
ခန္ဓာရသမျှ၊ သေဆုံးရ၊ မုချဧကန်ပျက်။
- မအိုရလို၊ ကိုယ်ကဆိုလည်း၊ မရဘဲ ၊ မလွဲအိုကြရ။
မနာရလို၊ ငါကဆိုလည်း၊ မရဘဲ ၊ မလွဲနာကြရ။
မသေရလို၊ ငါကဆိုလည်း၊ မရဘဲ ၊ မလွဲသေကြရ။
- နှစ်ဝနာမ်ရုပ်၊ ဤကိုယ်ပုပ်ကား၊ ဖြစ်ချုပ်ကြိမ်ဖန်၊ ဖောက်ပြန် ဖောက်လွဲ၊ တည်မမြဲ၊
ငါလည်း သေမည်ပ။
- ရုပ်နာမ်အစု၊ ငါးခုခန္ဓာ၊ သေမျိုးသာ၊ သူငါအားလုံး သေကြရ။
အတိတ်ကလည်း၊ ချုပ်ပျောက်စဲ၊ မလွဲသေခဲ့ရ။
ခုခါ၌လည်း၊ ချုပ်ပျောက်စဲ၊ အမြဲသေနေကြ။
နောင်ခါ၌လည်း၊ မခိုင်မြဲ၊ မလွဲသေမည်ပ။
သူများတွေလည်း ၊ သေမျိုးပဲ ၊ မလွဲသေမည်ပ။
တို့တတွေလည်း ၊ သေမျိုးပဲ ၊ မလွဲသေမည်ပ။
မသေမီတွင်၊ အထုတ်ပြင်၊ ကြိုတင်ကြိုးစားမှ။
အားကိုးစရာ၊ ပြည့်စုံပါ၊ သေခါစိတ်အေးရ။
ဒါနသီလာ၊ ဘာဝနာ ၊ မှန်စွာအားကိုးကြ။
(တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော်)
တား မရဘူး
- တစ်နေကွယ် သေနယ်သို့ တစ်ခါကူး၊
မေ့လျော့ကာနေ သေဘူး မထင်လေနှင့်၊
နေကွယ်တာ အကြိမ် များလျှင်ဖြင့်၊
သေနယ်ရွာ တစ်ကြိမ်သွားရလိမ့်၊ တားမရဘူး။ (လယ်တီဆရာတော်ဘုရားကြီး)
နီးလာပြီ
- တစ်ရက်ကုန်ပြန် ဤရုပ်နာမ် သေရန် တစ်ရက်နီးလာပြီ။
- တစ်ပတ်ကုန်ပြန် ဤရုပ်နာမ် သေရန် တစ်ပတ်နီးလာပြီ။
- တစ်လကုန်ပြန် ဤရုပ်နာမ် သေရန် တစ်လနီးလာပြီ။
- တစ်ဥတုကုန်ပြန် ဤရုပ်နာမ် သေရန် တစ်ဥတုနီးလာပြီ။
- တစ်နှစ်ကုန်ပြန် ဤရုပ်နာမ် သေရန် တစ်နှစ်နီးလာပြီ။
- နီးပါသော်လည်း မေ့နေဆဲ ပျော်မြဲ ပျော်နေသည်။
- “ငါ”နဲ့ပျော်သူ များဗိုလ်လူ သေသူ အပါယ်ရောက်နိုင်သည်။
- တရားနဲ့ပျော်သူ များဗိုလ်လူ ရှင်သူ နိဗ္ဗာန်ရောက်နိုင်သည်။
- မေ့လျော့နေသူ များဗိုလ်လူ သေမူ အပါယ်ရောက်နိုင်သည်။
- မမေ့လျော့ဘဲ ရှုမှတ်မြဲ မလွဲ နိဗ္ဗာန် ရောက်နိုင်သည်။
- မမေ့လျော့သူ နိဗ္ဗာန်ယူ၊ မေ့သူ သုသာန်သွား။
- မမေ့လျော့သူ နိဗ္ဗာန်ယူ၊ မေ့သူ အပါယ်သွား။
ရှင်မှာ မသေချာ
- ငါသည် မုချ သေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။
နောက်ရက်, နောက်လ, နောက်နှစ် ရှိချင်မှ ရှိတော့မည်။
Subscribe to:
Posts (Atom)